International News

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုမြင့်တက်မှုကြောင့် အရှေ့တောင်အာရှဒေသ တွင် e-commerce လုပ်ငန်းများ မြင့်တက်လာခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုမြင့်တက်မှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိအရောင်းဆိုင်များ ပိတ်သိမ်းရကာ အရှေ့တောင်အာရှဒေသရှိ စားသုံးသူများမှာလည်း e-commerce ကို အသုံးပြုမှုများ တစ်ဟုန်ထိုးမြင့်တက်လာကာ အွန်လိုင်းမှ ဈေးဝယ်မှုများ မြင့်တက်လာကြောင်း၊ စင်ကာပူအခြေစိုက် Shopee ကုမ္ပဏီ၏ ရောင်းအားမှာ ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလအတွင်း ၎င်း၏ရောင်းအားမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် (၁၂၀) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ Shopee app ကို ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် အင်ဒိုနီးရှားတို့တွင် သုံးစွဲသူများပြား ကြောင်း၊ လွန်ခဲ့သော (၄)နှစ် ရောင်းအား အမေရိကန်ဒေါ်လာ (၅.၅) ဘီလီယံရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် တွင် အမေရိကန်ဒေါ်လာ (၃၈) ဘီလီယံရှိခဲ့ရာ e-commerce ကိုအသုံးပြုမှုမှာ (၆၀၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၅၀) ဘီလီယံရှိနိုင်သည်ဟု ခန့်မှန်း ထားကြောင်း၊COVID-19 ကြောင့် အွန်လိုင်းမှရောင်းဝယ်ခြင်းကို ပိုမိုအရှိန်မြန်ဆန်လာ ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ မေလအတွင်း ငွေလွှဲပြောင်းမှုများနှင့် ကုန်ပစ္စည်းများရောင်းဝယ်မှုများမှာ(၅၀)ရာခိုင်နှုန်းမှ (၄၀၀)ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ COVID-19 ကာလအတွင်း ကုန်ပစ္စည်းများအွန်လိုင်းမှ ရောင်းဝယ်မှုမှာ (၁.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး  မလေးရှားမှ ဟင်းသီးဟင်းရွက် (၁.၅) တန်ရောင်းချနိုင်ခဲ့ပြီး မလေးရှားမှ တောင်သူလယ်သမားများကို ကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ အွန်လိုင်းစီးပွားရေး အစီရင်ခံစာအရ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် နှစ်စဉ် (၂၀)ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိလည်းကောင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့တွင်(၄၀)ရာခိုင်နှုန်း အသီးသီးမြင့်တက်လျက်ရှိကြောင်း၊           e-commerce လုပ်ငန်းအတွက် စိန်ခေါ်မှုဖြစ်နေသော ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းမှာ ယခုအခါ အစပျိုးဆောင်ရွက်ရမည့်လုပ်ငန်းအဖြစ် အခွင့်အလမ်းကောင်းများ ဖြစ်လာကြောင်း၊ ဒစ်ဂျစ်တယ်လ်ငွေပေးချေမှုများလည်း လျင်မြန်စွာ ပျံ့နှံ့ လုပ်ကိုင်လာကြောင်း၊ ငွေသားကိုင် အသုံးပြုသူများအတွက်လည်း အဆင်ပေစေရန် ဩစတြေးလျထောက်ပံ့ပို့ဆောင်ရေး နည်းပညာကုမ္ပဏီသည် ကနေဒါ e-commerce ကုမ္ပဏီနှင့် ပူးပေါင်း၍  စင်ကာပူနိုင်ငံတွင်ရုံးဖွင့်ကာ ပစ္စည်းရောက် ငွေချေစနစ်လုပ်ငန်း တိုးတက်လာအောင် ဆောင်ရွက် ရန် မျှော်လင့်ထားကြောင်း  ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Kok Xinghui  က “ Coronavirus: e-commerce in Southeast Asia rides high on pandemic boom” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဘရပ်ဆဲ)

Category: International News